အံ့သြထူးခြားစွာ စောင့်ကြည့်မှု
ကျွန်မအိမ်နှင့် မဝေးသောနေရာတွင် မီးနီဖြတ်မောင်းသော ယာဉ်မောင်းများအား ဓာတ်ပုံရိုက်ယူရန် အာဏာပိုင်များက ကင်မရာ တစ်ခုတပ်ဆင်ထားသည်။ ပြစ်မှုကျူးလွန်သူ များထံ ယာဉ်စည်းကမ်းချိုးဖောက်ကြောင်း သက်သေဖြစ်သော 'မီးနီဖြတ်မောင်းသည့် ဓာတ်ပုံ' ကို ပြေစာနှင့် ပေးပို့သည်။ ထိုကင်မရာအကြောင်း တွေးတိုင်း ဘုရားသခင်သည်လည်း ထိုကင်မရာကဲ့သို့ပင် အထက်၌ရှိနေပြီး ကျွန်မအမှားလုပ်သည်ကို ကြည့်နေမည်။ ကိုယ်တော်သည် ကျွန်မ၏ အပြစ်များကိုမြင်သကဲ့သို့ (ဟေဗြဲ ၄း၁၃) ကျွန်မတို့ပြုလုပ်သည့် ကောင်းမှုများကိုလည်း မြင်သည်၊ စိတ်ဝင်စားသည်။ ကိုယ်တော်၏အံ့သြထူးခြားစွာ စောင့်ကြည့်မှုကြောင့် အသင်းတော်နှင့် လိုအပ်နေသူများကို ကျွန်မတို့ငွေကြေးများ ထောက်ပံ့သည့် အခါတွင် ကျွန်မတို့၏ ပေးဆပ်မှုပမာဏကို ကိုယ်တော်မြင်ပါသည် (မာကု ၁၂း ၄၁-၄၄)။ ကျွန်မတို့၏တီးတိုးဆုတောင်းသံကို ကိုယ်တော်ကြားပါသည် (မဿဲ ၆း ၆)။ ကျွန်မတို့၏အဖသည် မထင်ရှားသောအရာကို မြင်တော်မူသောကြောင့် အစာရှောင်သောအခါတွင် သွားလာလှုပ်ရှားရင်း အစာရှောင်နိုင်သည်။
ဘုရားသခင်အရာအားလုံးကို မြင်ကြောင်းသိထားသဖြင့် မိမိကိုကြည့်နေ…
ဘယ်သောအခါမှ မစွန့်ပစ်သောမေတ္တာ
ကောင်းမွန်သော ဆက်ဆံရေးအတွက် မေတ္တာ(အချစ်)သည် အဓိကအရေးပါသည်။ ကျမ်းစာက ကျွန်ုပ်တို့အား ချစ်တတ်သူများ ဖြစ်ရန်လိုကြောင်း ရှင်းလင်းစွာ ဖော်ပြထား သည်။ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ချစ်ရမည်။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ရမည်။ မိမိ၏ရန်သူကိုချစ် ရမည်။ သို့သော် အချစ်မခံရလျှင် အခြားသူ ကို ချစ်ရန်မှာ ခက်ခဲလှသည်။ စွန့်ပစ်ခံရသော ကလေးများ၊ ကြင်ဖက်၏လျစ်လျူရှုစွန့်ပစ် ခံရသူများ၊ သားသမီးများ၏ပစ်ပယ်မှုခံရသည့် မိဘများ စသည့်လူများမှာ မေတ္တာကင်းမဲ့သော ဘဝသည် မည်မျှ နာကျင်ခံစားရကြောင်းကို ကောင်းကောင်း သိကြသည်။
ထို့ကြောင့် အချစ်ခံလိုသူများအား ဘုရားသခင် ကျွန်ုပ်တို့ကို အလွန်အမင်းချစ်ကြောင်းသိရ၍ ခံစားရသည့်ဝမ်းမြောက် မှုနှင့် မိတ်ဆက်ပေးလိုပါသည်။ ကားတိုင်ပေါ်တွင် သင့်အတွက်ဖော်ပြခဲ့သည့် ကိုယ်တော်၏ မေတ္တာတော်ကြီးမြတ်ပုံကို ဆင်ခြင်ကြည့်ပါ။ ကိုယ်တော်ကို ယုံကြည် ပါက ကိုယ်တော်၏မေတ္တာက အပြစ်များ၊ မပြည့်စုံမှုများကို ဖုံးအုပ်ပေးပြီး အစွန်း အထင်းကင်းသောသခင်၏ဖြောင့်မတ်ခြင်းက…
ကျွန်ုပ်တို့၏ရပ်တည်မှု
၁၉၃၈ ခုနှစ်မှစ Radio Bible Class တစ်ဖြစ်လဲ အာရ်ဘီစီသာသနာ့လုပ်ငန်းသည် ကမ္ဘာတစ်ဝှမ်းရှိ လူသန်းပေါင်းများစွာထံသို့ သမ္မာကျမ်းစာလေ့လာခြင်းအစီအစဉ်နှင့် စာစောင် များကို အဖိုးအခမယူဘဲ၊ တာဝန်အရမဟုတ်ဘဲ ကမ်းလှမ်းပေးခဲ့ပါသည်။
ကျွန်ုပ်တို့နှင့် ထိတွေ့ဆက်ဆံသောမိတ်ဆွေများ၊ စာဖတ်သူများအား ငွေကြေးနှင့် စပ်လျဉ်း၍ ၀န်တာမဖြစ်စေရေးဟူသည့် ခံယူချက်ကို ကျွန်ုပ်တို့ ယခုထိတိုင် ခံယူကျင့်သုံးဆဲ ဖြစ်ပါသည်။ ထိုခံယူချက်ကြောင့် လူများစွာတို့က ကျွန်ုပ်တို့၏လုပ်ငန်းကို ကြီးမားတောင့်တင်း သော အဖွဲ့အစည်းကြီးတစ်ခုခု၊ ဂိုဏ်းဂဏတစ်ပါးပါးက ထောက်ပံ့သည်၊ အာမခံပေးသည် ဟု ထင်မှတ်ကြလည်း ကိစ္စမရှိပါ။ ဂိုဏ်းဂဏ မခွဲခြားသော ကျွန်ုပ်တို့၏လုပ်ငန်းကို ထောင်ပေါင်း များစွာသော လူတစ်ဦးချင်းနှင့်ဖြစ်စေ၊ မိသားစုများဖြစ်စေ၊ အသင်းတော်များနှင့်ဖြစ်စေ အံ့သြစရာကောင်းလောက်အောင် နှစ်ပေါင်း ၇၀ မက ထူးထူးခြားခြား လက်တွဲ အမှုဆောင်ခွင့် ရခဲ့ခြင်းအတွက် အလွန်ဝမ်းမြောက်မိပါသည်။
အင်တာနက်အသုံးပြုသူများအတွက် အာရ်ဘီစီ ၀က်ဘ်ဆိုက်ကို ဖွင့်လှစ်ကာ နားဆင်…
နေ့စဉ်ခွန်အားအကြောင်းသိကောင်းစရာ
Our Daily Bread (နေ့စဉ်ခွန်အားစာစောင်)ကို ၁၉၅၆ ခုနှစ်၌ စတင်ပုံနှိပ်ဖြန့်ဝေစဉ်ကပင် ယင်းသည် အာရ်ဘီစီသာသနာလုပ်ငန်း၏ လူသိများသော စာစောင်ဖြစ်ခဲ့သည်။ နေ့စဉ်ခွန်အားစာစောင်၌ ရေးသားပုံနှိပ်ထားသော နေ့စဉ် ၀တ်ပြုကိုးကွယ်ခြင်းဆိုင်ရာ စဉ်းစားဆင်ခြင်စရာများသည် စာဖတ်ရှုသူများအား နေ့စဉ် ဘုရားသခင်၏နှုတ်ကပတ်တော်၌ အချိန်ယူနိုင်ရန် အထောက်အကူပြုခဲ့သည်။
Our Daily Bread (နေ့စဉ်ခွန်အားစာစောင်)ကို ကမ္ဘာတစ်ဝှမ်း ဘာသာစကား ၄၀ ထက်မနည်း ပုံနှိပ်ဖြန့်ချိလျက်ရှိပြီး RBC Ministries (အာရ်ဘီစီ သာသနာလုပ်ငန်း) ၏ ရုံးခွဲများမှာလည်း ကမ္ဘာအနှံတွင် ရှိနေပါပြီ။ အာရ်ဘီစီ သာသနာလုပ်ငန်းသည် သမ္မာကျမ်းစာလေ့လာရန် အထောက်အကူပြု အခြားစာစောင်အမျိုးမျိုးကိုလည်း ထုတ်ဝေလျက်ရှိသည်။ ယင်းတို့ကို ရယူလိုပါကလည်း မှာကြားတောင်းခံ နိုင်ပါသည်။ အာရ်ဘီစီ သာသနာလုပ်ငန်းကို အဖွဲ့အစည်းတစ်ခုခု (သို့) ဂိုဏ်းဂဏတစ်ပါးပါးမှ အရံသင့် ငွေပင်ငွေရင်းရံပုံငွေ မတည်ပေးခြင်းမရှိပါ။ လူများစွာတို့၏ နည်းများမဆိုသောပါဝင်ပေးလှူမှုဖြင့် အာရ်ဘီစီသာသနာလုပ်ငန်းသည် အသက်တာကို…
ကျွန်ုပ်တို့၏ကျင့်ဝတ်များ
သမ္မာကျမ်းစာကို အခြေပြုသည်။
-
ကျွန်ုပ်တို့၏ ယုံကြည်မှု၊ ခံယူရမည့်လမ်းညွှန်ချက်၊ မူဝါဒများနှင့် လက်တွေ့ကျင့်ဆောင် ရမည့်အရာများနှင့်စပ်လျဉ်း၍ သမ္မာကျမ်းကိုသာ စံ အဖြစ်သာထားရှိပါသည် (၂ တိ ၃း၆)။
-
ယုံကြည်ခြင်းနှင့်ပတ်သက်သော ကျွန်ုပ်တို့၏၀န်ခံချက်ကို စွဲလန်းအသက်ရှင်ပါသည် (၂ တိ ၁း၁၃)။
-
သွန်သင်ခြင်းခံရသည့် သြ၀ါဒတရားများကို ပြည့်ဝစုံလင်စွာ ထင်ဟပ်ဖော်ပြ၍အသက်ရှင် ပါသည် (တ ၂၀း၂၇)။
အရည်အချင်းပြည့်မှီသော ဦးဆောင်မှု
-
အရည်အချင်းပြည့်မှီသော ဦးဆောင်မှု
-
အကျင့်စရိုက်၊ စိတ်ထားကောင်းမွန်ထင်ရှားပေါ်လွင်ပြီး အရည်အချင်းပြည့်ဝသော အစေခံ ခေါင်းဆောင်များကို ရွေးချယ်ပါသည် (ထွ ၁၈း၂၁၊ ၁တိ ၃း၁-၁၃)။
-
သခင်ယေရှုခရစ်တော်နှင့်ရင်းနှီးကျွမ်းဝင်စွာ မိတ်သဟာယဖွဲ့နေထိုင်ပါသည်။ “သင်သည် ရှေ့ဦးစွာသော ချစ်ခြင်းမေတ္တာလျော့ပြီဟု သင်၌အပြစ်တင်စရာရှိ၏´´ဟု သခင်ခရစ်တော် ပြော စရာ မဖြစ်စေရပါ (ဗျာ ၂း၎)။
-
မိမိ၏ကိုယ်ပိုင်အစွမ်း၊ ခွန်အားနှင့်မဟုတ်ဘဲ သခင်ခရစ်တော်၏ ဥာဏ်ပညာတော်၊ ခွန်အား ဖြင့်သာ အာရ်ဘီစီသာသနာလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ပါသည်(ဂလာ ၂း၂၀၊ ၃း၃)။
-
မိမိ၏လုပ်ငန်းခွင်တွင်ဖြစ်စေ၊ ပြင်ပမည်သည့်နေရာတွင်ဖြစ်စေ၊ ဘုရားသခင်၏လူဖြစ် ကြောင်း ခွဲခြားသိနိုင်အောင်…